Home / Back

ကြွက်သေတစ်ခု အရင်းပြု

(စကားပုံ)

ကြွက်သေတစ်ကောင်ကို အရင်းအနှီးပြု၍ ချမ်းသာလာသကဲ့သို့ အနည်းငယ်မျှသော အရင်းအနှီး ပင် ဖြစ်စေကာမူ လာဘ်မြင်တတ်ပြီး ကြိုးစားအားထုတ်လျှင် ကြီးပွား ချမ်းသာနိုင်သည်။ ရှေးအခါက ဗာရာဏသီပြည်၌ ဉာဏ်ပညာ အမြော်အမြင်ကြီး၍ နက္ခတ်ပညာ၌ လိမ္မာကျွမ်းကျင် သော သူဌေးကြီး တစ်ယောက်ရှိသည်။ တစ်နေ့တွင် ထိုသူဌေးကြီးသည် မင်းထံခစားရန် အသွားလမ်း ခရီး၌ ကြွက်သေတစ်ကောင်ကို တွေ့သည်။ ထိုခဏ၌ နက္ခတ်ကို စစ်ကြည့်လိုက်ရာ ထိုကြွက်သေကို ရင်း၍ စီးပွားရှာသူသည် မုချကြီးပွား ချမ်းသာမည်ကို သိမြင်သဖြင့် ထိုအကြောင်းကို မိမိဘာသာ အမှတ်မဲ့ ပြောမိလေ၏။ ထိုသူဌေးကြီး၏ စကားကို ကြားလိုက်သော အလိမ္မာဉာဏ်ရှိသည့် သူဆင်းရဲ တစ်ယောက်သည် ထိုကြွက်သေကို ကောက်ယူကာ ဈေး၌ ရောင်းရာ ငွေတစ်ချင်ရွေး ရသည်။ ထိုငွေ ဖြင့် တင်လဲဝယ်ယူ၍ တောမှလာသည့် ပန်းသည်တို့အား တင်လဲနှင့် သောက်ရေကို ပေးရာ ပန်းသည် တို့ထံမှ ပန်းတစ်ဆုပ်စီ ရသည်။ ဤသို့ အရောင်းအဝယ် အမျိုးမျိုးကို အကြိမ်ကြိမ်ပြုရာ လေးလ အတွင်း၌ပင် ငွေအသပြာနှစ်သိန်း ရရှိလေသည်။