Home / Back

ကံယုံ၍ ဆူးပုံမနင်းရာ

(စကားပုံ)

ဆူးပုံကိုနင်းလျှင် စူးမည်သာဖြစ်၍ မိမိ ကံကောင်းလှသည်ဟု ကံကိုယုံပြီး ဆူးပုံကို မနင်းသင့် သကဲ့သို့ ဒုက္ခဖြစ်စေနိုင်သော ကိစ္စမှန်သမျှ ကံကိုယုံပြီး ဇွတ်မပြုလုပ်သင့်။ (ကံယုံ ဆူးခြုံမတိုးနှင့် - ဟူ၍လည်း အသုံးရှိသည်။) ကံယုံ မီးပုံမဆင်းရာ - နှင့် အတူတူ။