Home / Back

ကောက်သော် မစားလောက် ဖြောင့်သော် စားမနိုင်

(စကားပုံ)

တံငါသည်သည် ကောက်သောငါးမျှားချိတ်ဖြင့် တစ်နေကုန်ငါးမျှားသည့်တိုင်အောင် လှေတစ်စင်း စာ ငါးမရနိုင်၊ မုဆိုးသည် ဖြောင့်သောမြားဖြင့် သားကောင်ကိုပစ်ခတ်လျှင် တစ်နေ့တည်း လှေတစ် စင်းစာမက ရနိုင်သည်။ ထို့အတူ ကောက်ကျစ်သောနည်းလမ်းဖြင့် အသက်မွေးဝမ်းကျောင်းမှု ပြု သော် ၀၀လင်လင် မစားရ၊ ဖြောင့်မှန်သော နည်းလမ်းဖြင့် အသက်မွေးဝမ်း ကျောင်းပြုပါက စားမ ကုန်နိုင်အောင် ကြွယ်ဝမည်။