Home / Back

ကမ္ဘာမီးလောင် သားကောင်ချနင်း

(စကားပုံ)

ကမ္ဘာမြေကြီး မီးလောင်သကဲ့သို့ အလွန်ပူပြင်းသောအခါ မိခင်ဖြစ်သူသည် မိမိသက်သာရာရစေ ရန် မိမိသားသမီးကိုပင် မြေတွင်ချ၍ နင်းသည်ဆိုသကဲ့သို့ ကြီးမားသောဘေးနှင့် ကြုံတွေ့ရလျှင် မည်သူ့ကိုမျှ မငဲ့ကွက်နိုင် ၊ မိမိလွတ်မြောက်ရာ လွတ်မြောက်ကြောင်းကိုသာ လုပ်ဆောင်သည်။ ကိုယ်မချိ အမိသော်လည်း သားတော်ခဲ - နှင့် အတူတူ။