Home / Back

က ရိုး မက ဆန်း၍က နှပ်ပစ်ခံရ

(စကားပုံ)

ကချေသည်သည် ကနေကျအတိုင်း မကဘဲ ဆန်းပြားစွာကမိသောကြောင့် ပရိသတ်၏ ကိုယ်ထိ လက်ရောက် ရှုတ်ချခြင်း ခံရသကဲ့သို့ မိမိအလုပ်ကို လုပ်နေကျအတိုင်း မလုပ်ဘဲ မဆင်မခြင် ဆန်း ပြားစွာ ပြုလုပ်မိသောကြောင့် ပြစ်တင်ရှုတ်ချခြင်း ခံရသည်။