Home / Back

ကိုယ့်မြင်း ကိုယ်စိုင်း စစ်ကိုင်းရောက်ရောက်

(စကားပုံ)

ကိုယ့်မြင်းနှင့် ကိုယ်စိုင်းရာတွင် စစ်ကိုင်းသို့ပင် ရောက်ရောက်၊ မည်သည့်နေရာသို့ပင် ရောက် ရောက် မမှုသကဲ့သို့ မိမိ လုပ်လိုရာကို ဖြစ်ချင်ရာဖြစ် တစ်ဇွတ်ထိုး ပြုလုပ်သည်။ (ငါ့မြင်း ငါ့စိုင်း စစ်ကိုင်းရောက်ရောက် ။ ငါ့မြင်း ငါ့စိုင်းညောင်ကိုင်းရောက်ရောက် - ဟူ၍လည်း အသုံးများ ရှိသည်။) ကိုယ့်လှေ ကိုယ်ထိုး ပဲခူးရောက်ရောက် - နှင့် အတူတူ။