Home / Back

ကလိမ်စေ့ ငြမ်းဆင်

(စကားပုံ)

စေတီပုထိုးအဆောက်အအုံများကိုသာ ငြမ်းဆင်ရမြဲ ဖြစ်သည်။ ကလိမ်စေ့သည် ငြမ်းဆင်ရသော အရာမဟုတ်။ ထိုသို့ မဟုတ်ပါဘဲလျက် ကလိမ်စေ့ကို ငြမ်းဆင်သည်ဟု ဆိုသကဲ့သို့ ယုတ္တိမတန်သော စကားကို လှည့်ပတ် ပြောဆိုသည်။