Home / Back

ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး

(စကားပုံ)

ကျားကို ကြောက်သဖြင့် တောစောင့်နတ်ကို ကိုးခါမှ နတ်ကကျားထက်ပင်ဆိုးသကဲ့သို့ တစ်ဦး၏ ရန်က လွတ်မြောက်ရန် အခြားတစ်ဦးကို အားကိုးမိခါမှ မိမိအားကိုးသူက မိမိကို ဒုက္ခ ပိုရောက်အောင် ပြုလုပ်သည်။ (ကျားကြောက်လို့ ရှင်ကို ကိုး၊ ရှင်ညို ကျားထက်ဆိုး - ဟူ၍လည်း အသုံးရှိသည်။)