Home / Back

ကျားလည်း ကြောက်ရ၊ ကျားချေးလည်း ကြောက်ရ

(စကားပုံ)

ကျားကိုသာ ကြောက်ရသည်မဟုတ်၊ ကျားချေးကိုပင်လျှင် ကြောက်ရသကဲ့သို့ မိမိအား နှိပ်စက် နိုင်သော အရှိန်အဝါရှိသူကိုသာ ကြောက်ရသည်မဟုတ်၊ အရှိန်အဝါကိုမှီပြီး အာဏာ ပြနေသော နောက်လိုက် အသိုင်းအဝိုင်းများကိုပါ ကြောက်ရသည်။