Home / Back

ကျားသေကို အသက်သွင်းလို့ စင်းစင်း သေရ

(စကားပုံ)

ကျားသေကို အသက်သွင်းသူသည် ထိုကျားကိုက်၍ သေရသကဲ့သို့ စွမ်းအားသတ္တိ မရှိတော့သည့် ရန်သူ၊ ပြိုင်ဘက် စသည်ကို အခွင့်အလမ်း ပေးမိသဖြင့် အန္တရာယ်ကြီးစွာပြုခြင်း ခံရသည်။ ဒိသာပါမောက္ခ ဆရာကြီးထံ တပည့်ငါးရာတို့ အတတ်သင်ကြသည်တွင် သဉ္စီ၀မည်သော တပည့် သည် သူသေကို အသက်သွင်းသောမန္တရား သင်ယူ၏။ ပြန်၍ နုတ်သော မန္တရား ကိုကား မသင်ယူ မိချေ။ တစ်နေ့သော အခါ လုလင်တို့သည် တောသို့ ထင်းခွေ သွားကြရာ ကျားသေတစ် ကောင်ကို တွေ့ကြလျှင် သဉ္စီ၀လုလင်က အချင်းတို့ ဤကျားသေကို မန္တရားဖြင့် ရှင်စေအံ့ဟုဆိုသည်။ အခြား လုလင်တို့ကလည်း သင်မတတ်နိုင်၊ တတ်နိုင်လျှင် လုပ်လော့ဟု ပြောဆိုကာ သစ်ပင်ပေါ်တက်နေ ကြ၏။ သဉ္စီ၀သည် မန္တရားကို မန်းမှုတ်၍ အသက်သွင်းလျှင် ကျားသေထ၍ သဉ္စီ၀လုလင်ကို ကိုက် သတ်လိုက်လေသည်။