Home / Back

ကျီးကန်း သူကောင်းမြှောက် ချေးခြောက် ကောက်စား

(စကားပုံ)

ကျီးကန်းသည် သူကောင်းအဖြစ် ချီးမြှင့်မြှောက်စား ခံရစေကာမူ ပင်ကိုသဘောကို မစွန့်နိုင်ဘဲ မစင်ခြောက်ကို ကောက်စားသကဲ့သို့ စိတ်ထားအောက်တန်း ကျသူသည် ချီးမြှင့်မြှောက်စား ခံရစေ ကာမူ မိမိ ပင်ကိုသဘောကို မစွန့်လွှတ်နိုင်ဘဲ နိမ့်ကျသော အမှုမျိုးကို ပြုလုပ်သည်။ သူကောင်း = မျိုးရိုးအကျင့်သိက္ခာ ကောင်းမွန်သူအဖြစ် မင်း၏ချီးမြှင့်ခြင်း ခံရသူ။