Home / Back

ကျီးတစ်ကောင်အတွက် ကျီးအများပျက်

(စကားပုံ)

ကျီးတစ်ကောင်ကြောင့် ကျီးများ ပျက်စီးရသကဲ့သို့ တစ်ယောက် မကောင်းသောကြောင့် အများ ပျက်စီးဆုံးရှုံးရသည်။ ရှေးသရောအခါ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း၏ ပုရောဟိတ်သည် ကောင်းစွာဝတ်စား ဆင် ယင်လျက် မြို့တွင်းသို့ ဝင်လာသည်။ မြို့တံခါး တိုင်ဖျားတွင် နားနေသော ကျီးတစ်ကောင်က ပုရော ဟိတ်၏ ခေါင်းပေါ်သို့ မစင်စွန့်ချလိုက်သည်။ ထို့ကြောင့် ပုရောဟိတ်သည် ကျီးများကို ရန်ငြိုးထား လေသည်။ တစ်နေ့သော အခါ ဗြဟ္မဒတ်မင်းက ထိုပုရောဟိတ်အား မီးလောင်သော ဆင်တို့ကို ဆေး ကုသရန်ပြောရာ ကျီး၌ အဆီမရှိမှန်းသိလျက် ကျီးဆီရမှသာ ပျောက်ကင်းနိုင်မည်ဟု လျှောက်ထား သည်။ ထို့ကြောင့် ကျီးများစွာကို သတ်၍ ကျီးဆီကို ရှာကြရာ ကျီးများစွာ သေကျေရသည်။