Home / Back

ကျီး ဘုတ်ရိုသေ၊ ဘုတ် ကျီးရိုသေ

(စကားပုံ)

ကျီးနှင့်ဘုတ်တို့သည် တစ်ကောင်နှင့်တစ်ကောင် လေးစားရိုသေကြသကဲ့သို့ မိမိက သူတစ်ပါးကို ရိုသေလေးစားခြင်းဖြင့် သူတစ်ပါးက မိမိကို ရိုသေလေးစားသည်။ ရှေးအခါက တောအုပ်တစ်ခုတွင် ဘုတ်နှင့်ကျီးတို့ အဆွေခင်ပွန်းဖွဲ့ကာ နေကြသည်။ တစ်နေ့သော် ကျီးသည် ဘုတ်အား အဆွေ၏အမွေးသည် အနီတွင်အဝါရောင်သန်းလျက် မြတ်ဘုရား၏ သင်္ကန်း တော်နှင့် တူသဖြင့် အသင့်အား ရိုသေပါ၏ဟု ဆို၏။ ဘုတ်ကလည်း ကျီးအား အဆွေကျီး၏ အမွေး အတောင်တို့သည် အနက်ရောင်တဖိတ်ဖိတ်ပြေးလျက် မြတ်ဘုရား၏ သပိတ်တော်နှင့်တူသဖြင့် အသင့်အား ငါရိုသေပါ၏ဟု ပြန်ပြောလေသည်။