Home / Back

ကွန်လက်လေးသစ်နှင့် ငါးစင်းအုပ်၍ မမိနိုင်၊ ကွန်လက်သည်းကွင်းနှင့် ငါးကြီးပစ်၍ မရနိုင်

(စကားပုံ)

လက်လေးသစ် အကွက်ရှိသော ပိုက်ကျဲဖြင့် ငါးစင်းကဲ့သို့ ငါးငယ်ကို အုပ်၍မရနိုင်။ လက်သည်း ကွင်းခန့် အကွက်ရှိသော ကွန်စိပ်ဖြင့် ငါးကြင်းကဲ့သို့ ငါးကြီးကိုဖမ်း၍ မိသည့်တိုင်အောင် မိမိရရ မဖမ်းနိုင်။ ထိုကဲ့သို့ပင် အသေးအဖွဲကိစ္စကို ရေးကြီးခွင့်ကျယ်ဆောင်ရွက်လျှင် အဆင်မပြေနိုင်။ ကြီးကျယ်သော ကိစ္စကို ထိရောက်စွာ မဆောင်ရွက်လျှင် အအောင်မြင်နိုင်။ ဆင်ချည်သောကြိုး ကြက်ချည်သော်မမြဲ၊ ကြက်ချည်သောကြိုး ဆင်ချည်သော်မခိုင် - နှင့် အတူတူ။