Home / Back

ကျွန်ယုံ တစ်ဖက်ကန်း၊ သားသမီးယုံ စုံလုံးကန်း

(စကားပုံ)

မိမိ၏ နောက်လိုက်တပည့်များကို ယုံမိလျှင် မျက်စိတစ်ဖက်ကန်းသူကဲ့သို့ ၎င်းတို့၏အပြစ်ကို အများအားဖြင့် မမြင်နိုင်၊ မိမိသားသမီး အရင်းကိုယုံမိလျှင်မူကား စုံလုံးကန်းသူကဲ့သို့ လုံး၀ အပြစ် မမြင်နိုင်။ ဤကဲ့သို့ပင် မိမိနှင့်ရင်းနှီးမှု အတိုင်းအတာပေါ် မူတည်၍ သူတစ်ဦး၏အပြစ်ကို မမြင် နိုင်ဘဲ ရှိသည်။