Home / Back

ခတ်ကွင်း ပြင်တာနှင့် ရွာသစ်ကြီးရောက်

(စကားပုံ)

စစ်ကိုင်းဆိပ်မှ ဆန်တက်သည့် လှေသည် ခတ်ကွင်းကို ကြိုတင်ပြင်ဆင်မထားသဖြင့် မလှော်ခတ် နိုင်ဘဲ ခတ်ကွင်းပြင်ရင်း ရေစီးနှင့်မျောပါသွားရာ ရွာသစ်ကြီးတိုင် ရောက်သွားသကဲ့သို့ လုပ်ငန်းကို ကြိုတင်ပြင်ဆင်မထားသဖြင့် လုပ်ငန်းစရတော့မည့် အချိန်တွင်မှ ပြင်ဆင်မှုလုပ်ရင်း ခရီးမတွင် ဖြစ် ရသည်။