Home / Back

နဂိုရှိမှ နဂိုင်းထွက်

(စကားပုံ)

နဂိုဟူသော စကားလုံးရှိမှသာ ငသတ်(င်) စသည်ဖြည့်ပြီး နဂိုင်းဟူ၍ ရေးနိုင်သကဲ့သို့ မူလအခြေ ခံ ရှိမှသာ မွမ်းမံခြယ်သ၍ တင့်တယ်နိုင်သည်။ (နဂိုရှိမှ နကိုင်းထွက် ဟူ၍လည်း အသုံးရှိရာ နဂိုမူလ ပင်စည်ရှိမှ အကိုင်းအခက်များ ထွက်နိုင်သကဲ့သို့ မူလအခြေခံရှိမှသာ မွမ်းမံ ခြယ်သ၍ တင့်တယ်နိုင် သည် ဟူ၍လည်း ဆင်ခြင်ဖွယ်ရာ ရှိသည်။)