Home / Back

ပေါက်တဲ့နဖူး မထူး

(စကားပုံ)

နဖူးပြင် လူမြင်ကွင်းတွင် ပေါက်ပြဲဒဏ်ရာရသူသည် ယင်းအမာရွတ်ကို မနှစ်သက်သော်လည်း အကြောင်းမထူးသည့်အတူတူ လက်ခံ၍ နေသွားရုံသာရှိသကဲ့သို့ ပြန်ပြင်၍ မရနိုင်သော ကိစ္စတစ်ခု ဖြစ်သွားပြီးမှ ဖြစ်ပြီးသည့်အတိုင်း လက်ခံ၍ နေသွားရုံသာ ရှိသည်။