Home / Back

ပွဲမင်းလည်း ငွေမှား၊ ဆေးသမားလည်း သားသေ

(စကားပုံ)

ပွဲမင်းပင် ဖြစ်သော်လည်း အကဲဖြတ်မှားသည့်အခါ ရှိသည်။ သမားတော်ကြီးပင် ဖြစ်သော်လည်း မိမိသား၏အသက်ကို မကယ်နိုင်သည့် အခါမျိုးရှိသည်။ ထို့အတူ အလွန်ကျွမ်းကျင်သူ ဖြစ်သော် လည်း မှားယွင်းသည့် ကိစ္စ၊ မတတ်စွမ်းနိုင်သည့် ကိစ္စမျိုး ရှိသည်။