Home / Back

ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာ

(စကားပုံ)

ဖွတ်ကြီးလျှင်မိကျောင်းဖြစ်လာသည်ဟု အချို့ကထင်မြင်ယူဆကြသည်။ လျှာမဲ့သော မိကျောင်း ကိုပင် ရေသတ္တဝါများ ထိတ်လန့်ကြောက်ရွံ့ နေကြရသည်။ ကုန်းသတ္တဝါဖြစ်သည့် လျှာရှိသော ဖွတ် သည် မိကျောင်းဖြစ်လာပါက ကုန်းပေါ်၌သာမက ရေထဲ၌ပါ ကျက်စားနိုင်မည် ဖြစ်သည့်အတွက် မြစ်အတွင်းရှိ ရေသတ္တဝါများ ပို၍ ဒုက္ခရောက်ဖွယ်ရှိသည်။ ထို့အတူ စိတ်ထားညံ့ဖျင်းသူ၊ အဆင့်အ တန်း မရှိသူတို့ အရှိန်အဝါ ကြီးမြင့်လာသောအခါ ပတ်ဝန်းကျင် တစ်ခုလုံး ဒုက္ခရောက်ရသည်။