Home / Back

ဖားတုလို့ ခရုခုန် အိုင်ပျက်ရုံ

(စကားပုံ)

သဘာဝအရ မခုန်နိုင်သော ခရုသည် ခုန်တတ်သော ဖားကို အရာမဟုတ်သည်၌ လိုက်၍ တုပ ခုန်မိရာဝယ် မိမိမှီရာအိုင် ပျက်စီးခြင်းသာ အဖတ်တင်သကဲ့သို့ မိမိ၏ အရာမဟုတ်သည်၌ တုပ ယှဉ်ပြိုင်မိသဖြင့် မိမိနှင့်တကွ မိမိပတ်ဝန်းကျင် ပျက်စီးခြင်းသာ အဖတ်တင်သည်။ ငါးတု ခရုပွက် အိုင်ပျက် - နှင့် အတူတူ။