Home / Back

ဘတော်ပျံလည်း မမီ၊ ထီးတင်ပွဲလည်း မတွေ့

(စကားပုံ)

ဟိုပွဲ သွားရနိုး၊ ဒီပွဲ သွားရနိုးနှင့် ဘတော်ပျံကို လည်းကောင်း၊ ထီးတင်ပွဲကို လည်းကောင်း မမီ လိုက်သောသူကဲ့သို့ ဆုံးဖြတ်ချက်မပြတ်သားသဖြင့် တစ်ခုမဟုတ်တစ်ခု ရနိုင်ပါလျက် အခွင့်အရေး နှစ်ရပ်လုံး လက်လွတ် ဆုံးရှုံးရသည်။