Home / Back

ဘုရားပြီး ငြမ်းဖျက်

(စကားပုံ)

စေတီပုထိုး တည်ရာ၌ဖြစ်စေ၊ ပြုပြင်ရာ၌ ဖြစ်စေ ငြမ်းဆင်၍ လုပ်ကိုင်ရသော်လည်း လုပ်ငန်း ကိစ္စ ပြီးမြောက်သည့်အခါ ငြမ်းကို ဖျက်သကဲ့သို့ ကိစ္စတစ်ခု အောင်မြင်ပြီးမြောက်သွားသည့်အခါ အောင်မြင်အောင် ဆောင်ကြဉ်းပေးခဲ့သူအား ပစ်ပယ်သည်။