Home / Back

လုံ့လလည်းထူ မိုးလည်းကူ နွားချေးလည်းချ ကံလည်းမ

(စကားပုံ)

လယ်သမားသည် လုံ့လဝီရိယ စိုက်ထုတ်မှုရှိခြင်း၊ နွားချေးစသော မြေသြဇာချပေးခြင်း၊ မိုးက လည်း အချိန်မှန်ရွာသွန်းခြင်း၊ ကုသိုလ်ကံကလည်း ထောက်မပေးခြင်း တို့ကြောင့် သီးနှံအောင်မြင် သကဲ့သို့ လုပ်ငန်းတစ်ခုတွင် ကံဉာဏ်ဝီရိယ သုံးပါးလုံးပြည့်စုံပါမှ အောင်မြင်မှု အပြည့်အ၀ရသည်။ (လုံ့လလည်းထူ ဉာဏ်လည်းကူ မျိုးစေ့လည်းချ ငါလည်းမ - ဟူ၍လည်း အသုံးရှိသည်။)