Home / Back

ဝါးနားပင်း ရေသွင်း၍ မဝင်

(စကားပုံ)

ဝါးနားပင်းပိတ်ထဲသို့ ရေသွင်း၍ မဝင်နိုင်သကဲ့သို့ ခံယူနိုင်စွမ်း မရှိသူအား မည်မျှပင် သင်ပြပြော ဟောစေကာမူ မတတ်မြောက်နိုင်၊ နားမဝင်နိုင်ပေ။ ဝါးနားပင်း = အသားထူကျစ်၍ အခေါင်းပိတ်နေသော ဝါး။ ဘူးနားပင်း ရေသွင်း၍ မဝင် - နှင့် အတူတူ။