Home / Back

ဝင်ဝင်ချင်း ဆောက်နှင့်ထွင်း

(စကားပုံ)

ပန်းပုထုလုပ်ရာ၌ ပြုလုပ်ရန် ပစ္စည်းရွေးခြင်း၊ ပုံကြမ်း လောင်းခြင်း စသည့် ကြိုတင် လုပ်ဆောင် ဖွယ် တို့ကိုမျှ မလုပ်တော့ဘဲ ဝင်လာလျှင်ဝင်လာချင်း ဆောက်ကိုကိုင်၍ ထွင်းသည် ဆိုသကဲ့သို့ နိဒါန်း ပင် မပျိုးတော့ဘဲ၊ စလျှင်စချင်း မိမိလိုရာကိုသာ မထောက်မထား ပြုမူပြောဆိုသည်။ လာလာချင်း ဆောက်နှင့်ထွင်း - နှင့် အတူတူ။