Home / Back

သုံးထမ်းပိုးကျမှ အရွသင်

(စကားပုံ)

နွားကို ထွန်ထမ်းပိုး၊ လှည်းထမ်းပိုး၊ ဆုံထမ်းပိုးဖြင့် အဆင့်ဆင့် ကြာရှည်စွာ ခိုင်းပြီးမှ လှည်းယဉ် တွင် ကရန် ကြွကြွရွရွဖြစ်အောင်သင်သကဲ့သို့ အရွယ်ကောင်းချိန်တွင် သင်ကြားတတ်မြောက်ပြီး ဖြစ် ရမည့် အတတ်များကို အရွယ်လွန် အချိန်နှောင်းမှ သင်ကြားသည်။ (သုံးထမ်းပိုးကျမှ လည်မော့သင် - ဟူ၍လည်း အသုံးရှိသည်။)