Home / Back

ဇိကုပ်လို့ နတ်ပြည်တင် မြင့်တယ်ထင်လို့ ခုန်ချ

(စကားပုံ)

နတ်ပြည်သို့ မလိုက်လိုသူအား ဇိကိုကုပ်၍ နတ်ပြည်သို့ ဆွဲတင်ပေးသော်လည်း မြင့်သည်ထင်၍ ခုန်ချသည် ဆိုသကဲ့သို့ ကောင်းရာကောင်းကြောင်း အတင်းအကျပ် ဆွဲဆောင်၍ မြှင့်တင်ပေးသော် လည်း မြင့်ရာ၌ မနေနိုင်ဘဲ ပြန်ဆင်းသည်။လူမိုက် နတ်ပြည်တင် မြင့်တယ်ထင်လို့ ခုန်ချ - နှင့် အတူတူ။