Home / Back

ဈေးမတတ် ရွာအနှုန်း၊ ဆံထုံးမတတ် ရွာဓလေ့

(စကားပုံ)

ပစ္စည်းတစ်ခု၏ဈေးနှုန်းကိုမသိလျှင် မိမိရောက်ရှိရာရွာ၏ပေါက်ဈေးအတိုင်း ရောင်းဝယ်ရသည်။ တော်ဝင်ဆံထုံးမျိုး မထုံးတတ်လျှင် ရွာ၏ဓလေ့အတိုင်းထုံးဖွဲ့ရသည်။ ထို့အတူ မိမိကောင်းစွာ မကျွမ်း ကျင်သော ကိစ္စ၌ အများနည်းကို လေ့လာ၍ လုပ်ဆောင်ရသည်။