Home / Back

တောင်ဝှေးလဲတော့ ဖိုးသူတော် ထူနိုင်သည်၊ ဖိုးသူတော်လဲတော့ တောင်ဝှေး မထူနိုင်

(စကားပုံ)

တောင်ဝှေးလဲသော် ဖိုးသူတော်ကထူပေးနိုင်၍ ဖိုးသူတော်လဲသော် တောင်ဝှေးက ထူပေးခြင်း မပြုနိုင်သကဲ့သို့ မှီခိုသူ ဒုက္ခဖြစ်သည့်အခါ မှီခို အားထားရာပုဂ္ဂိုလ်က အကူအညီ ပေးနိုင်သော်လည်း မှီခို အားထားရာပုဂ္ဂိုလ် ဒုက္ခ ဖြစ်သည့်အခါ မှီခိုသူက အကူအညီ ပေးနိုင်စွမ်း မရှိချေ။