Home
တ (စကားပုံ)
တစ်ရွာ တစ်ကျီဆောက်
တပည့်မကောင်း ဆရာ့ခေါင်း
တပည့်ရှာ ဆရာတွေ့
တပည့်လိမ္မာ ဆရာအာပတ်လွတ်
တရုတ်ပြည် အပ်ရောင်းသွား
တလွဲ ဆံပင်ကောင်း
တောကြောင့် ကျားလုံ၊ ကျားကြောင့် တောလုံ
တောစကား တောပျောက်
တောဆင်အဝေး ခမည်းပေး
တောမီးလောင် တောကြောင်လက်ခမောင်းခတ်
တံခွန်မလွှား ရထားမတင့်
တံငါကို ပိုက်ထိုးသင်၊ မုဆိုးကို သားထိုးသင်
တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး
တောက်မည့်မီးခဲ အရှိန်နှင့်ရဲရဲ
တိုက်ဖန်များ သစ်ငုတ်ပင် နဲ့သေး
တင်းလွန်းလျှင် ပြတ်၊ လျော့လွန်းလျှင် ပတ်
တောင်ကြီး ဖဝါးအောက်၊ လှိုင်းကြီး လှေအောက်
တောင်ငူကလည်း တောင်ငူ၊ မောင်းထောင်ကလည်း မောင်းထောင်
တောင်မင်း မြောက်မင်း မကယ်နိုင်
တောင်လဲရာ မြက်ပြတ်
တစ်ကောင်ရ ငါ့သမီးရှင်ထွေး
တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း
တောင်ဝှေးလဲတော့ ဖိုးသူတော် ထူနိုင်သည်၊ ဖိုးသူတော်လဲတော့ တောင်ဝှေး မထူနိုင်
တိုင်း၍ရက်သည် ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့်
တစ်ခါလာ မဲပြာပုဆိုး
တစ်ခါသေဖူး ပျဉ်ဖိုးနားလည်
တစ်ချက်ခုတ် နှစ်ချက်ပြတ်
တစ်ဆိတ် တစ်အိတ်လုပ်
တစ်တိတစ်တိနှင့် ငါးပိကျီးချီ
တစ်တောစောင့်သည် ခြေတိုင်ကုပ်ကား၊ တစ်အိုင်စောင့်သည် ငါးရံ့တင်ပြောက်
တစ်တော တစ်ဖတွန်
တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်
တစ်ထွာပြ တစ်လံမြင်
တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ
တစ်နေ့ရွှေ တစ်နေ့ငွေ
တစ်နေ့လုံး ကတော်ပေမဲ့ ဥတော့တစ်လုံး
တစ်နွယ်ငင် တစ်စင်ပါ
တစ်ပင်လဲမူ တစ်ပင်ထူ
တစ်မိုးလုံး ဖျောက်ဆိပ်
တစ်မင်းပြောင်းမှ တစ်မင်းအကြောင်းသိ
တစ်ယောက်မတန်ကြောင့် တစ်အိုးတန် ပျက်
တစ်ယောက်အားနှင့် ယူသော် မရ၊ တစ်သောင်းအားနှင့် ယူသော် ရ၏
တစ်ရွာပြောင်းမှ သူကောင်းကျွန်စော်နံ
တစ်ရွာမပြောင်း သူကောင်း မဖြစ်
တစ်လင်နေ ပွေးနှင့်၊ တစ်လင်နေ ကြွေးနှင့်
တစ်လုတ်ကျွေးဖူး သူ့ကျေးဇူး
တစ်လုတ်စားဖူး သူ့ကျေးဇူး
တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွား
တစ်သက်လုံးစားသမျှ သံပရာတစ်ခြမ်းနှင့်ချေ
တစ်သက်လုံးဖုံးသမျှ ကုန်းခါမှပေါ်
တည်မိတဲ့ဘုရား လင်းတပင် နားနား
တိတ်တိတ်နေ ထောင်တန်
တုတ်က မမှန်၊ ကြက်က မှန်
တန်ဆေး လွန်ဘေး
တန်ဖိုးထက် လက်ခကြီး
တပ်ပျက် ဗိုလ်ခန့်