Home / Back

တစ်ရွာပြောင်းမှ သူကောင်းကျွန်စော်နံ

(စကားပုံ)

မိမိရပ်ရွာတွင် နေထိုင်စဉ်အခါကမူ သင့်တင့်လျောက်ပတ်စွာရှိသော်လည်း အခြားတစ်ရပ်တစ်ရွာ သို့ ပြောင်းရွှေ့နေထိုင်ခါမှ ကျွန်အဖြစ်သို့ပင် ဆိုက်ရောက်ရတော့မည်လောက် အခြေအနေ ပျက်ယွင်း လာသကဲ့သို့ မိမိ မူလအနေအထားကို စွန့်၍ အကွက်အကွင်းသစ်သို့ ပြောင်းခါမှ လွန်စွာ အခြေမလှ ဖြစ်သည်။