Home / Back

တောကြောင့် ကျားလုံ၊ ကျားကြောင့် တောလုံ

(စကားပုံ)

တောအုပ်ကောင်းသဖြင့် ကျားသည် လုံခြုံစွာ ကျက်စားနိုင်သည်။ ကျားရှိသဖြင့် တောသည် လူသူလေးပါး ဖျက်ဆီးမည့် အန္တရာယ်မှ လုံခြုံသည်။ ထို့အတူ အချင်းချင်း အပြန်အလှန် အကျိုး ပြုကြခြင်းဖြင့် နှစ်ဦးနှစ်၀ လုံခြုံစွာ ရပ်တည်နိုင်ကြသည်။