Home / Back

မှန်ကင်းတစ်လှည့်၊ ထင်းတစ်လှည့်

(စကားပုံ)

သစ်သားသည် ပြာသာဒ်၏ အထွတ်အမြတ်နေရာ၌ မှန်ကင်း ဖြစ်ရသည့်အခါ ရှိသကဲ့သို့ မီးဖို၌ ထင်းဖြစ်ရသည့်အခါလည်း ရှိသည်။ ထို့အတူ ဘဝတွင် လောကဓံတရားအရ အထွတ်အထိပ် စံစား ရသည့် အလှည့်ရှိသကဲ့သို့ နိမ့်ပါးရသည့် အလှည့်လည်း ရှိသည်။