Home
မ (စကားပုံ)
မကတတ် ဖျာ အပြစ်တင်
မကို ခင်မှ ဥကို ခင်
မခေါ်ခင်က တော်ထူးချင်
မခေါ်လျှင် အထူးရသက်သာ
မချစ်သော်လည်း အောင့်ကာနမ်း
မစားရ တပူပူ၊ စားရ တဆူဆူ
မစားရလျှင် အလျှင်း၊ စားရလျှင် ဆီထမင်း
မစားရ ဝခမန်း
မစားရသည့်အမဲ သဲနှင့်ပက်
မစားရ အညှော်ခံ
မစားရက် လောက်တက်
မစွမ်းရင်းကလည်းရှိ ကန်စွန်းခင်းကလည်းငြိ
မဆွတ်ခင်က ညွတ်ချင်
မထိုင်ခင် ခြေဆင်း
မပူလိုလို့ ယောက်မရှာ
မပို့ဘဲနဲ့ မဲဇာရောက်
မပိုင်ဝက်မွေး
မပြေးသော် ကန်ရာရှိ
မပြည့်သည့်အိုး ဘောင်ဘင်ခတ်
မမီတဲ့ပန်း တုံးခုလို့ လှမ်း
မမြင်ဖူး မူး မြစ်ထင်
မမှားသော ရှေ့နေ၊ မသေသော ဆေးသမား
မပိုင်ဝက် မွေးဘက်ယူ
မဖြစ်ဘဲနှင့် သာကဲခေါင်းတဝင့်ဝင့်
မရ ရသက ချိုင်
မရဲဘဲနှင့် ကျွဲပြဲစီး
မရဲသော်လည်း ပြေးခဲစေ
မရောင်ရာ ဆီလူး
မရွယ်ဘဲ စော်ကဲ မင်းဖြစ်
မလို ကူးတို့ခ တောင်း
မလုံတဲ့အိုး တုတ်မိုးရုံနဲ့အာ
မလျော့မတင်း စောင်းကြိုးညင်း
မသာလက်ဖက်ထုပ်နှင့် မျက်နှာလုပ်
မသိခေါက်ရက် အဝင်နက်
မသိသူ ကျော်သွား၊ သိသူ ဖော်စား
မိကျောင်းမင်း ရေခင်းပြ
မင်းတို့ထွက် ရက်ရာဇာ
မင်းဘဏ္ဍာ ကိုယ့်ဟာမှတ်လို့ တပြုံးပြုံး
မင်းလောင်းမှန် ရထားဆိုက်
မီးကြီး ငြမ်းခို၊ ကျောက်ကြီး ငါးခို
မီးခဲ ပြာဖုံး
မီးစတစ်ဖက် ရေမှုတ်တစ်ဖက်
မီးစာကုန် ဆီခန်း
မီးမလောင်မီက တား
မီးများ မီးနိုင်၊ ရေများ ရေနိုင်
မီးလောင်ရာ လေပင့်
မီးဝေး ချိပ်မာ
မုဆိုး စိုင်သင်
မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါ
မုသားမပါ လင်္ကာမချော
မူးလျှိုး ပဲလျှိုး ငဖြိုး ကျွန်ဖြစ်
မဲနှင့် နီပါး အတူထား နီပါး မဲစော်နံ
မိုးကို လင့်၍ ပျိုးရင့်သည်
မိုးကြိုးပစ် ထန်းလက်ကာ
မိုးပြို အများနှင့်
မိုးမပြိုဘူး၊ ပြိုခဲ့သော်
မိုးရွာတုန်း ရေခံ
မိုးလွန်မှ ထွန်ချ
မိုးသောက်မှ ကြက်တင်၊ နေဝင်မှ စပါးလှန်း
မင်းဆရာပြော လောစရာမလို
မက်လုမက်လုနှင့် လင်း
မင်းသားကြီးမလုပ်ရလို့ ပတ်မကြီး ထိုးဖောက်
မင်းသားဖြစ်မှ သံဆန်းပေါ်သည်
မောင်မောင်ခေါ်လို့ ဗျာမထူး၊ အောင်ကျော်ခေါ်မှ ဗျာထူး
မောင်မောင်ဆိုလေ ထီးရိုးရှည်
မိန်းမကောင်းပန်းပန် တစ်ပွင့်တန်
မုန်ကို မဲပြု၊ မဲကို မုန်ပြု
မုန့်ဆီကြော် ဘယ်နေမှန်းမသိ၊ နှုတ်ခမ်းနာနှင့် တည့်ပါ့မလား
မုန့်ပေးသည့် ဘုန်းကြီး ကျမ်းတတ်သည်
မုန့်သည်မသား မုန့်နားစား
မျိုးစေ့မမှန် ပင်မသန်
မျက်စိကန်း တစ္ဆေ မကြောက်
မျက်စိအကျင့် ဝမ်းအချင့်
မျက်နှာကြီးရာ ဟင်းဖတ်ပါ
မျက်နှာမရ ခြေကျောက်ရ
မျက်နှာလွှဲ ခဲပစ်
မျက်နှာသာပေး ရွှေရေးပန်းကန်တက်
မျက်နှာသိ ငါးပိမဝယ်ရ
မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ
မျောက်ပြ ဆန်တောင်း
မျောက်မြီးနှင့် မျောက်ချည်
မျောက်သားစားချင် မျောက်မျက်နှာကြည့်
မျောက်သားစားချင် မျောက်မျက်နှာမကြည့်နှင့်
မျောက်သစ်ကိုင်းလွတ်
မြေစမ်း ခရမ်းပျိုး
မြေနိမ့်ရာ လှံစိုက်
မြဲရာ သံပတ်၊ ကျပ်ရာ သပ်ပင်း
မြို့ဝန်မင်းစောင်မမှ ထောင်ကျ
မြက်မြက်ကလေးစားချင်လို့ ဆိုင်းထဲလိုက်၊ နှဲကြီးနင်းမိလို့ လျော်ရ
မြင်ဖန်များ ငယ်၊ နမ်းဖန်များ ပြယ်
မြင်ရုံသာမြင်ရ မကြင်ရ
မြင်းကမလှုပ်၊ ခုံက လှုပ်
မြင်းကောင်း ခွာလိပ်
မြင်းစီးလို့မှ အထီးမှန်း အမမှန်း မသိ
မြင်းနောက်ပြန်စီး ထီးရှေ့ကကွယ်
မြင်းကောင်းပြေးရာ ခွာကျိုးကန့်လန့်
မြစ်ကြီးတော့ ရေစီးသာသည်
မြစ်တစ်ဖက် ဝက်လက်ကင်
မွဲချင်တဲ့ခွေး ပြာပုံတိုး
မှန်ကင်းတစ်လှည့်၊ ထင်းတစ်လှည့်
မှန်းချက်နှင့် နှမ်းထွက်မကိုက်
မြွေပါလည်းဆုံး၊ သားလည်းဆုံး
မြွေပူရာ ကင်းမှောင့်
မြွေပွေး ခါးပိုက်ပိုက်
မြွေပွေး ပိုးထိ
မြွေမသေ၊ တုတ်မကျိုး
မြွေမှန်လျှင် တွင်းဝင်ဖြောင့်
မြွေမြွေချင်း ခြေမြင်
မွှေးလျှင်ပန်၊ နံလျှင်ပစ်