Home / Back

မလို ကူးတို့ခ တောင်း

(စကားပုံ)

၁။ ကူးတို့သမားသည် ကူးတို့ခမယူဘဲ လိုလိုချင်ချင် တစ်ဖက်ကမ်းသို့ ပို့ဆောင်ပြီး စိတ်အခန့် မသင့် ဖြစ်သော တစ်ချိန်တွင်မှ ကူးတို့ခကို ပြန်တောင်းသကဲ့သို့ ကျေနပ် နှစ်သက်၍ မျှော်လင့်ချက် မထားဘဲ လိုလိုချင်ချင် ကူညီခြင်း၊ ပံ့ပိုးခြင်း ပြုလုပ်ပြီး နောင်အခန့်မသင့်သော တစ်ချိန်တွင်မှ ယခင်ကျေးဇူးပြုခဲ့ခြင်းအတွက် ပြန်လည်ပေးဆပ်ရန် ပြောဆိုသည်။ (မလို၍ ကူးတို့ခတောင်း - ဟူ၍လည်း အသုံးရှိသည်။)