Home / Back

မစားရ တပူပူ၊ စားရ တဆူဆူ

(စကားပုံ)

ကလေးများသည် မစားရမချင်း တပူပူတဆာဆာ တောင်းကြပြီး စားခွင့်ရသောအခါ သူ့ထက်ငါ ဦးအောင် လုယက်ငြင်းခုံကြသဖြင့် တဆူဆူတညံညံ ရှိပြန်သကဲ့သို့ အခွင့်အရေး မပေးမီ တပူပူ တ ညံညံ တောင်းခံကြပြီး အခွင့်အရေးပေးပြန်ကလည်း အဝေမတဲ့ကြ၊ မကျေမနပ်ဖြစ်ကြနှင့် တဆူဆူ ရှိပြန်သည်။