Home / Back

မျက်နှာကြီးရာ ဟင်းဖတ်ပါ

(စကားပုံ)

ဧည့်သည်ချင်းအတူတူ မျက်နှာကြီးသူအား ဟင်းဖတ်များများ ပိုထည့်ပေးသည် ဆိုသကဲ့သို့ ဆက်ဆံသူချင်း အတူတူ ဂုဏ်ရှိသူအား မျက်နှာလိုက်၍ ဦးစားပေးသည်။ (ယောက်မကြီးရာ ဟင်းဖတ်ပါ - ဟူ၍လည်း အသုံးရှိသည်။)