Home / Back

မျက်နှာသိ ငါးပိမဝယ်ရ

(စကားပုံ)

မိမိနှင့်သိကျွမ်းသည်ဟု စိတ်ချပြီး ငါးပိဝယ်လျှင် စိတ်တိုင်းမကျသည့်အခါ ပြန်ပြောရန် အားနာရ သဖြင့် မဝယ်ပါလေနှင့်။ ထိုနည်းတူ မိမိနှင့် ခင်မင်ရင်းနှီးပြီးသူဟု ယုံကြည်စိတ်ချပြီး အလုပ်အတူတူ လုပ်ပါက စိတ်တိုင်းမကျသည့်အခါ မျက်နှာနာရသဖြင့် အတူတကွ ဖက်စပ်လုပ်ကိုင်ခြင်း မပြုပါလေ နှင့်။