Home / Back

မြဲရာ သံပတ်၊ ကျပ်ရာ သပ်ပင်း

(စကားပုံ)

ခိုင်မြဲသည်ကို ပို၍ခိုင်မြဲအောင် သံပတ်ဖြင့် ပတ်သည်၊ ကျပ်သည်ကို ပို၍ကျပ်အောင် သပ်ပင်း သည် ဆိုသကဲ့သို့ ကောင်းမွန်သေချာပြီး ဖြစ်သော်လည်း ကောင်းမွန်သည်ထက် ကောင်းမွန်အောင်၊ သေချာသည်ထက် သေချာအောင် အားထုတ် ပြုလုပ်သည်။ (တင်းရာ သံပတ်၊ ကျပ်ရာ သပ်ပင်း - ဟူ၍လည်း အသုံးရှိသည်။)