Home / Back

ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက နောက်နွားစဉ်စိုက် ဖြောင့်ဖြောင့်လိုက်၏

(စကားပုံ)

ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားလျှင် နောက်နွားများလည်း အစဉ်တစိုက် ဖြောင့်ဖြောင့် လိုက်ဘိ သကဲ့သို့ ဦးစီးခေါင်းဆောင်ဖြစ်သူက ဖြောင့်ဖြောင့်မတ်မတ် ကြံစည်လုပ်ဆောင်ပါလျှင် နောက်လိုက်ငယ်သားများလည်း ဖြောင့်ဖြောင့်မတ်မတ်ပင် ကြံစည်လုပ်ဆောင်ကြသည်။