Home
ရ (စကားပုံ)
ရတနာရှိရာ ရတနာစု
ရလေလိုလေ အိုတစ္ဆေ
ရသာလျှင် ဘနဖူး သိုက်တူး
ရာဇဝတ်အိုး တုတ်နှင့်ထိုး
ရေငတ်တုန်း ရေတွင်းထဲကျ
ရေစီးတစ်ခါ၊ ရေသာတစ်လှည့်
ရေစုန် ရွက်တိုက်
ရေနက်ကလည်း နေရ၊ လင်းပက်လည်း စိုက်ရ
ရေနစ်သူ ဝါးကူလို့ထိုး
ရေ နိမ့်ရာစီး၊ မီး မြင့်ရာလောင်
ရေမနောက် ကြာမရှောက်
ရေများရာ မိုးရွာ
ရေများရေနိုင်၊ မီးများမီးနိုင်
ရေမြင့် ကြာမြင့်
ရော့ပတ္တမြား၊ ရော့နဂါး
ရောက်သမျှဘေးဒဏ် ပုဏ္ဏားခံ
ရောင်တော်ပြန်နှင့် ရောကျွတ်
ရောင်တော်ပြန်နှင့် ရောလွှတ်
ရွာနားကမြက် ရွာနွားမစား
ရွာဘုရား ရွာသားမရိုသေ
ရွာလွန် ရွက်တိုက်
ရွာသမုတ်လျှင် သစ်ငုတ်သော်မှ ကျားဖြစ်ရ
ရွာသားမင်းစေ ရွာနေမရှက်
ရှိသာခိုး အငြိုးနှင့်
ရှေ့ဆောင်နွားလား ကောက်ကောက်သွားက နောက်နွားတစ်သိုက် ကောက်ကောက်လိုက်၏
ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက နောက်နွားစဉ်စိုက် ဖြောင့်ဖြောင့်လိုက်၏
ရှေ့တိုး ထမ်းပိုး၊ နောက်ဆုတ် လှည်းထုပ်
ရှင်နည်းရာ အဂ္ဂ လူထွက်
ရှင်ပြုတုန်းက ရွှေထီးဆောင်း
ရှင်ဘုရင့်ပုဆိုး ပိုးချည်း
ရှင်မပြုခင်က လူထွက်ချင်
ရှဉ့်တစ်ကောင် မြားတစ်စင်း
ရှင်ဘုရင်တစ်ခါထွက် ပဲကြီးတစ်လှေချက်
ရှင်ဘုရင်အတွက် ငဝက်က ဒဏ်ခံ
ရှဉ့်လည်း လျှောက်သာ၊ ပျားလည်း စွဲသာ
ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်
ရွှေတောင်မှာနား ရွှေကျီး
ရွှေပင်နား ရွှေကျေး
ရွှေမရှိတဲ့ဘုရား လူမရိုသေ
ရွှေရိုးလို့ မိုးကြိုးပန်
ရွှေသမင် ဘယ်ကထွက် မင်းကြီးတာက ထွက်