Home / Back

ရွှေသမင် ဘယ်ကထွက် မင်းကြီးတာက ထွက်

(စကားပုံ)

ရွှေသမင်ကို ကိုယ့်တာနှင့်ကိုယ် အသီးသီး တာဝန်ယူ၍ ပိတ်ဆို့ဖမ်းဆီးကြရာတွင် ရွှေသမင်သည် ဘုရင်မင်းကြီး၏တာမှ လွတ်မြောက်ထွက်ပြေး သွားသကဲ့သို့ အသီးသီး ကိုယ့်တာဝန်ပိုင်းနှင့်ကိုယ် ဆောင်ရွက်ကြရာတွင် အကြီးအကဲလုပ်သူ လူကြီး၏အပိုင်းမှ လစ်ဟင်းပျက်ကွက်သည်။