Home / Back

အပေါ်ယံ ရွှေမှုန်ကြဲ၊ အထဲက နွားချေးခံ

(စကားပုံ)

အပေါ်ယံ၌ ရွှေမှုန်ကြဲထားသဖြင့် ရွှေရောင်ဝင်းဝါနေသော်လည်း အတွင်းသားမှာမူ နွားချေးအတိ သာ ဖြစ်သကဲ့သို့ အပေါ်ယံ မျက်နှာပန်းအားဖြင့် အမြင်လှသော်လည်း အတွင်းအနှစ်သာရ အားဖြင့် အလွန်ညံ့ဖျင်းသည်။ (မှန်စီရွှေချလုပ်ငန်းတွင် အပေါ်ယံ ရွှေမှုန်ကြဲပြီး အထဲ၌ နွားချေးခံ၍ ပြုလုပ်ရ သည်ကို ရည်ညွှန်း၍ ဤစကားပုံ ဖြစ်ပေါ်လာသည်။)