Home
အ (စကားပုံ)
အကန်းထဲမှာ မျက်ခမ်းက လူမော်
အကြံကုန် ဂဠုန်ဆားချက်
အကြောင်းတော် တောင်ပေါ်ရေစီး
အကွပ်မရှိတဲ့ကြမ်း ပရမ်းပတာ
အကမတတ် ဖျာခေါင်းချ
အကျိုးလိုလို့ ညောင်ရေလောင်း ပတ်ထမ်းတွေ့
အခုစာကလေးကြော်၊ အခုဆီထမင်း
အခေါ်သာကွဲ၊ ထမနဲနှင့် ယာဂု အတူတူ
အခိုင်ကြီးလည်း အဖီးလှမှ တင့်တယ်သည်
အချိုရှာ သကာတွေ့
အချိန်တန်တော့ နွားပိန်ကန်လိမ့်
အငိုလွယ် အရှိုက်ခက်
အစာဝတော့ ဌာနပြန်
အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်း
အဆိပ်ပင် ရေလောင်း
အညှီရှိ ယင်အုံ
အတောင့်မကြီး အသီးမမာ
အတတ်ကြူး ဘီလူးဖြစ်
အလှမ်းကျယ် အလယ်လပ်
အဝတ်မရှိသူက လုံအောင်ထိုင်ပါပြော
အသားထဲက လောက်ထွက်
အသားလိုလို့ အရိုးတောင်း
အသီးတစ်ရာ အညှာတစ်ခု
အတွင်းထရံ အပြင်ကာ၊ အပြင်ထရံ အတွင်းကာ
အထိန်းမရှိသည့် ချည်ခင်
အနာတက် ဆေးချက်မရှိ
အနာပေါ် တုတ်ကျ
အနာမသိ ဆေးမရှိ
အနီးမွှေး အဝေးကြိုင်
အနူတော လူချော
အနေစုတ်ပေမဲ့ ရွှေထုပ်တဲ့ မြပဝါ
အနုပ်မက်၍ အခွက်ပျက်
အနှစ်မရှိသည့်တော ကြက်ဆူပင် မင်းမူ
အပေါ်ယံ ရွှေမှုန်ကြဲ၊ အထဲက နွားချေးခံ
အပြက်အပြက်နှင့် နှာခေါင်းသွေးထွက်
အပွေးမြင် အပင်သိ
အပွဲပွဲ နွှဲခဲ့သမျှ သည်ပွဲမှာမှ နှပ်ပစ်ခံရ
အဖထက် သားတစ်လကြီး
အဖျားတက် အမှည့် ရနိုးနိုး
အမိမဲ့သား၊ ရေနည်းငါး
အမေကျော် ထွေးတော်လွမ်း
အမေ ပုတ်ထဲမှာ မအောင်းဘူး
အမယ်မှာ မှာသည့်အတိုင်း
အများညီ "ဤ" ကို "ကျွဲ" ဖတ်
အမာရွတ်မြင်တိုင်း မဟော်သတိရ
အမေရိုက် အမေကယ်ပါ၊ အဖေရိုက် အဖေကယ်ပါ
အမေး ကျွဲကျောင်း၊ အဖြေ ဘုရားလောင်း
အမဲရိုးနှယ် ဟင်းအိုးမှ အားမနာ
အမောင်လည်းရောက်၊ ငါ့နွားပျောက်
အမယ်မှာသည့် ဆန်တစ်ခွဲ သုံးစိတ်နှင့်မလဲ
အများ မိုးခါးရေသောက် သောက်မှ
အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား
အမြီးစားဖက် ခေါင်းစားဖက်
အမြုတေရှိရာ အမြုတေစု
အမြင်မတော် ဆင်တော်နှင့် ခလောက်
အမှိုက်ကစ ပြာသာဒ်မီးလောင်
အမှည့်တဝင်းဝင်း အကင်းတဖြိုက်ဖြိုက်
အရူးက တစ်မူးသာ
အရူးဗုံမြှောက် ခြေထောက်လို့က
အရူး အမဲသားကျွေးမိ
အရူးအရူးနှင့် အိမ်ဦးချေးပါ
အရေးကောင်း ဒိန်းဒေါင်းဖျက်
အလှူ့လက်ဖက်နှင့် လက်ဆောင်တက်
အလှည့်ကျတော့ နွားမတောင်ရုန်းရ
အရိုးကို အရွက်မဖုံးစေနှင့်
အရက်ပြတ် ခွက်ကပ်နှင့်မူး
အရင်းစစ် အမြစ်မြေက
အရင်းမစိုက် လှေထိုးလိုက်
အရင်းလဲ အဖျား ထင်းဖြစ်
အရပ်ကောင်းမှ အလောင်းလှ
အရပ်ရှိမှ အရိပ်ထွက်
အရိပ်နေနေ အခက်ချိုးချိုး
အရိပ်ပြ အကောင်ထင်
အရိပ်မလာခင် နေပူကစောင့်
အရိပ်သုံးပါးနားမလည် ချေသငယ် ကျားစာဖြစ်ရ
အရှင်မွေး နေ့ချင်းကြီး
အရှင်သုံးတော့ ဓားမတုံး ထက်
အလကားရသည့်နွား သွားဖြဲကြည့်
အလုပ်မရှိ ကြောင်ရေချိုး
အလျင်လို လမ်းအိုလိုက်
အလှူရှင်မှန်းသိအောင် မဏ္ဍပ်တိုင်တက်
အလာကောင်းသော်လည်း အခါနှောင်း
အလျင်ဘုန်းကြီး တစ်ချက်ခေါက်၊ နောက်ဘုန်းကြီး နှစ်ချက်ခေါက်
အလျှောက်ကောင်း အထောင်းလွတ်
အဝေးဆယ်ရှဉ်း၊ အနီးတစ်ရှဉ်း
အသံကြောင့် ဖားသေ
အသံသာရှိ အဆန်မရှိ
အသည်ဝန် ဘုန်းကြီးလို့ ပါနောက်က ခြေကြွ
အသွားတစ်တိုင်ရှိ၊ အပြန်တစ်တိုင်ရှိ
အသွားမတော် တစ်လှမ်း၊ အစားမတော် တစ်လုတ်
အသွေးမြင် အသွင်သိ
အသွင်မတူ အိမ်သူမဖြစ်
ဦးစပါး ပဲ့ပြောင်း၊ ပဲ့စပါး ဦးပြောင်း
ဦးနင်း ပဲ့ထောင်၊ ပဲ့နင်း ဦးထောင်
အိုးက မပူ၊ စလောင်းက ပူ
အိုးက မပူ၊ ဖုံးဖွက်ပူ
အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းငြိ
အိုးတော်လုပ် ဖုတ်ရင်းက မကျက်
အိုးမလုံ အုံပွင့်
အိုးရွဲ့ကို စလောင်းရွဲ့နှင့် ဖုံး
အိုးနှင့်ဆန် တန်ရုံ
အိုးသည် အိုးကောင်းမသုံးရ
အင်း ကောင်း "ဗျာ" မတန်
အိုင်တွေ့ ခြေဆေး
အိုင်တွေ့လို့မှ မလူး ကျွဲရူး
အိုင်သာလို့ ကြာပေါက်
ဥစ္စာရင်လို ဥစ္စာရင်ခဲ
အိတ်ပေါက်နှင့် ဖားကောက်
အုတ်မရှိလို့ မြို့မတည်၊ နှယ်နှယ်မှတ်သလား
အပ်နှင့်ထွင်ရမှာ ပုဆိန်နှင့်ပေါက်
အပ်ပျောက်လျှင် ဆင်စီး၍ရှာ၊ ဆင်ပျောက်လျှင် ဆန်ခါနှင့်ချ
အပ်ဝင် ပုဆိန်ထွက်
အပ်သွားရာ အပ်ချည်ပါ
အပ် ဦးပဲ့ထမ်း
အိပ်ချင်ယောင်ဆောင်သူ အနှိုးရခက်
အိမ်ကြက်ချင်း ခွပ်
အိမ်ကြက်ချင်း အိုးမဲသုတ်
အိမ်ခြေတစ်ရာ၊ ပြည်စိုး အစိတ်
အိမ်နီးချင်းကောင်းမှ လင်ကောင်းရသည်
အိမ်ရှေ့ကရေတွင်း အိမ်နောက်ဖေးရွှေ့
အိမ်လာ ယာဆုတ်
အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ
အိမ်သာလို့ ဧည့်လာ
အိမ်သူကို ဧည့်မောင်း
အိမ်အိုမှ စားဖိုထုတ်