Home / Back

အမှည့်တဝင်းဝင်း အကင်းတဖြိုက်ဖြိုက်

(စကားပုံ)

အပင်ပေါ်တွင် အသီးမှည့်များတဝင်းဝင်းရှိနေခိုက် အကင်းများက တဖြိုက်ဖြိုက်နှင့် အလျင်ကြွေ ကျကြသကဲ့သို့ သက်ကြီးရွယ်အိုများ သွားသွားလာလာ မြင်တွေ့နေရခိုက်မှာပင် ငယ်ရွယ်သူများက တဖြုတ်ဖြုတ် ကွယ်လွန်နှင့်ကြသည်။