Home / Back

အရိုးကို အရွက်မဖုံးစေနှင့်

(စကားပုံ)

ရှေးအခါက ငမှန်ကန် ဟူသော သူရုးတစ်ယောက်ရှိသည်။ ငမှန်ကန်သည် မြို့တွင်းသို့ လှည့်လည် သွားလာရင်း မည်သည့်အပင်အောက်၌ ငွေအိုးကြီး မြှုပ်ထားသည်။ မည်သည့်ရေကန်တွင် အဖိုးတန် ပစ္စည်းများရှိသည် စသည်ဖြင့်တတွတ်တွတ် ပြောဆိုလေရာ ငမှန်ကန်ပြောသမျှစကားကို အမှန်ချည်း သာ ဖြစ်သည်ဟု စွဲမှတ်ကာ ငမှန်ကန်၏ နောက်မှ တကောက်ကောက် လိုက်ပါလျက် ပြောသမျှကို ရေးမှတ် ထားလေသည်။ ထိုအခါ ငမှန်ကန်သည် ဒိန်းဒေါင်း- ဒိန်းဒေါင်း ဟုသာ ရွတ်ဆိုတော့သဖြင့် နောက်မှ လိုက်ပါသူများက အရေးကောင်း ဒိန်းဒေါင်းဖျက် သည်ဟု ပြောစမှတ်ပြုကြသည်