Home / Back

အရင်းစစ် အမြစ်မြေက

(စကားပုံ)

သစ်တစ်ပင်၏ အရင်းကို စိစစ်ရှာဖွေသောအခါ မြေ၌ရှိသောအမြစ်ကိုတွေ့ရသကဲ့သို့ ဖြစ်လာသ မျှ အကောင်းအဆိုး အကျိုးတရားတို့ကို စိစစ်သော် အရင်းခံသော အကြောင်းတရားကို တွေ့ရလိမ့် မည်။ရွာတစ်ရွာတွင် လူနှစ်ယောက် ယာနီးယှက်တင် စည်းသားခြား၍ လုပ်ကြသည်။ တစ်ဦးယာက သခွားပင်သည် တစ်ဦးယာသို့ဝင်၍ နွယ်ရာသီးလေသည်။ ယာရှင်က ထိုအသီးကိုဆွတ်ယူရာ သခွား ရှင်က ငါ့အပင်ရင်း ဖြစ်သည်၊ ယာရှင်ကလည်း ငါ့ယာသို့ဝင်၍သီးရာ ငါပိုင်သည်ဟု အချင်းများကြ သည်။ နှစ်ဦးစလုံးပင် သုခမိန်ထံရောက်၍ စကားရင်းအတိုင်း ပြောသည်ကာလ သူ့ယာမှာဝင်၍ သီး သဖြင့် ယာရှင်ပိုင်စေဆုံးဖြတ်ရာ နတ်လူတို့ကောင်းချီး မပေးဘဲနေသည်။ သုခမိန်သည် လူနတ်မနှစ် သက်သည်ကို သိ၍ဆင်ခြင်ရာ ညောင်ပင်ကြီးသော် အစေ့ငယ်က ရောက်မှ အပင်ဖြစ်ရာချေသည်။ အရင်းစစ်သော် အမြစ်ရှင်က မှန်ရာချေသည်၊ တစ်ဦးသား ယာရှင်က မဆွတ်ယူ ာချေ၊ ပင်ရင်း သခွားရှင်ကရစေဟု စီရင်ရာတွင်မှ နတ်လူကောင်းချီး ပေးလေသည်။