Home / Back

အလျင်ဘုန်းကြီး တစ်ချက်ခေါက်၊ နောက်ဘုန်းကြီး နှစ်ချက်ခေါက်

(စကားပုံ)

အလျင်ဘုန်းကြီးက တစ်ချက်ခေါက်၍ ဆုံးမသည်ကို ပြင်းထန်လှသည်ဟု ထင်မှတ် နေရာတွင် နောက်ဘုန်းကြီး ရောက်လာသည့်အခါ နှစ်ချက်ခေါက်၍ ဆုံးမသည် ဆိုသကဲ့သို့ နဂိုအခြေအနေကို ဆိုးလှပြီ ထင်နေရာတွင် နောက်ထပ်ဖြစ်လာသည့် အခြေအနေက များစွာ ပို၍ ဆိုးရွားသည်။