Home
င (စကားပုံ)
ငကန်းသေ ငစွေ ပေါ်လိမ့်မည်
ငရဲက လာသူ ပြာပူ မကြောက်
ငရဲခွေးကို ရဲဆေးတင်ဖို့ မလို
ငရဲပန်းကို ရွှေပန်းထင်
ငရဲရောက်မှ ကျောင်းဆောက်ချင်
ငရုတ်သီးနှင့် ပေါင်းမှ ကြက်သွန် အထောင်းခံရ
ငရုတ်သီးပိုး အစပ်မကြောက်
ငါမွေးသည့် မျောက် ငါ့ကို ခြောက်
ငါ့သမီး တော်လှဆို ယောက်မ မြင်းစီးထွက်
ငါးကြော်မကြိုက် ကြောင်မိုက်
ငါ့စကား နွားရ
ငါးကြင်းဆီနှင့် ငါးကြင်းကြော်
ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်
ငါးစာသာ မြင်၊ ငါးမျှားချိတ် မမြင်
ငါးစိမ်း မြင် ငါးကင် ပစ်
ငါးတကာ ယိုသည့်ချေး ပုစွန်ဆိတ်ခေါင်းမှာစု
ငါးတု ခရုပွက် အိုင်ပျက်
ငါးပိနှင့် လောက်၊ ရွှေနှင့် ကျောက်
ငါးပိဖုတ် မျက်နှာသာပေး ရွှေရေးပန်းကန်တက်
ငါးပွက်ရာ ငါးစာ ချ
ငါးမရ ရေချိုးပြန်
ငါးရံ့ရ အတူတူ၊ ငါးခူရ ခွဲခြမ်းခွဲခြမ်း
ငါးရိုးမျက် လက်တို
ငါးလွန်မှ ကွန်စွန့်
ငါးသိုင်းများ ဟင်းဟုံ
ငိုချင်လျက် လက်တို့
ငိုတတ်သည့်ကလေး နို့စို့ရ
ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်
ငုံးဆူ လူမသိ
ငွေတစ်ပဲနှင့် ငါးကြင်းခေါင်း ကိုင်
ငှက်တစ်ကောင် မြားတစ်စင်း
ငှက်ပျောပင်စိုက် မိလိုက်ဘပါ
ငှက်မသိတော့ ဆက်ရက် ချိုးထင်